Homeပြည်တွင်းသတင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား (၅ဝ)ကျော် သေဆုံးခဲ့

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား (၅ဝ)ကျော် သေဆုံးခဲ့

၂၄ ဧပြီ၊၂၀၂၅

စစ်တပ်ရဲလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်တာကာလအတွင်း အရပ်သားပြည်(၅ဝ) ကျော်ထိခိုက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

AAPP က ကောက်ယူထားတဲ့အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၂) ဦးနဲ့ အမျိုးသား (၂၃) ဦး စုစုပေါင်း (၅၅) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးခဲ့ရသူတွေအတွင်း အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၇) ဦး ပါဝင်နေပြီး အဆိုပါအရေ အတွက် တွင်း စစ်ကိုင်းတိုင်း (၂၁) ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့လည်းသိရပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၆၅၅၀ ဦးအထိရှိခဲ့ပြီဖြစ်ကြောင်းနဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၆၁) ဦးရှိပြီဖြစ်တယ်လို့ AAPP က ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူအုပ် ချုပ်ရေးအဖွဲ့

Related News

Most Read