Homeပြည်တွင်းသတင်းအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ILO Constitution နဲ့ အညီချက်ချင်း အရေး ယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို IUF တိုက်တွန်း

အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ILO Constitution နဲ့ အညီချက်ချင်း အရေး ယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို IUF တိုက်တွန်း

၁၃ ဇွန်၊၂၀၂၄

အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ILO Constitution နဲ၌ အညီ ချက်ချင်း အရေးယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို IUF က ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ ၁၁၂ ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ မှာတောင်းဆိုလိုက်ပါတယ်။

International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations – IUF မှ Mr KIRILL BUKETOV က အကြမ်းဖက်မှုများ ကျူးလွန်နေတဲ့ မြန်မာ စစ်အုပ်စုကို ILO Constitution နဲ့ အညီ ၂၀၀၀ ပြည့်နှစ်ကကဲ့သို့ ချက်ချင်းပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကသာ အခြေခံအလုပ်သမား အခွင့်အရေး နဲ့ လူ့အခွင့်အရေးတွေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ NUG နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုက ရေစီလှုပ်ရှားမှုနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ် ရေး တိုက်ပွဲတွင် ပံ့ပိုးကူညီရန် ILO နဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေကို ၁၁-၆-၂၀၂၄ ရက်နေ့က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Mr KIRILL BUKETOV က“ILO ညွှန်ကြားရေးမှူးချုပ်ရဲ့ လူမှုရေးတရားမျှတမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကြိုဆိုပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အခြေအနေ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ILO ရဲ့ အာရုံစိုက်တဲ့ နိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်သင့်ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာပြည်သူတွေက တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် IUF ဟာ ဒီညီလာခံမှာ NUG ကိုယ်စား ဒီစကားကို ပြောကြားရခြင်း ဖြစ်ပါတယ်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခွင့်အပါအဝင် အခြေခံအခွင့်အရေးများနှင့် ဒီမိုကရေစီကို လိုလားတောင့်တနေသော အလုပ်သမားများ၊ အလုပ်ရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မြန်မာပြည်သူတစ်ရပ်လုံးရဲ့ စစ်မှန်တဲ့ အသံလည်း ဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုဟာ ကျေးရွာ၊ နေအိမ်ထဲထိ ဝင်ရောက်ပြီး အဓမ္မစစ်သားစုဆောင်းနေတာ၊ ပြည်ပ ထွက်ခွာခွင့်တွေ ကန့်သတ်ပိတ် ပင်တာစတဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုးဆိုးရွားစွာ လုပ် ဆောင်နေပါတယ်။ အလုပ်သမား များကို ပစ်မှတ်ထားသည်သာမက အလုပ်ရှင်များကို အကြောင်း ပြချက်မျိုးစုံနဲ့ ဖမ်းဆီးနေတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)ရဲ့ တိုက်တွန်းချက်များနှင့် ကုလသမဂ္ဂက မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များအရ အကြမ်းဖက် မှုများ ကျူးလွန် နေတဲ့ စစ်တပ်ကို ၂၀၀၀ ပြည့်နှစ်ကကဲ့သို့ ILO Constitution, Article 33 နှင့်အညီ ချက်ချင်း ပြုလုပ်ဖို့ လိုအပ်ပါတယ်၊ မြန်မာပြည်သူတွေက မစောင့်နိုင်တော့ဘဲ သူတို့အပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီး ကြီးထွားလာနေပါတယ်။” လို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး Mr KIRILL BUKETOV က NUG သည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များနှင့် မတူကွဲပြားသည့် တိုင်းရင်းသားကိုယ်စားလှယ်များမှတဆင့် ပြည်သူများ၏ ဆန္ဒမှ မွေးဖွား လာခဲ့ခြင်းဖြစ် ကြောင်း၊ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှု၊ ဗုံးကျဲတိုက်တိုက်မှု လုပ်နေသော စစ်ကောင်စီကို ဖျက်သိမ်းလို က်မှသာလျှင် NUG သည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အမှန်တကယ်ကာကွယ်ပေးပြီး မြန်မာနိုင်ငံနှင့် ထိုက်တန်သော အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စုအား ပြတ် ပြတ်သားသား အရေးယူရမည့် အချိန်ရောက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ILO နဲ့ ၎င်းရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို (၁) NUG နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုနှင့် မြန်မာပြည်သူများ၏ လွတ်လပ်ရေးတိုက်ပွဲတွင် ပံ့ပိုးကူညီရန်၊ (၂) အချိန်မဆိုင်းဘဲ NUG ကို အသိအမှတ်ပြုရန် သို့မဟုတ် ၁၁၃ ကြိမ်မြောက် ညီလာခံ (ILC)တွင် NUG ကို အသိအမှတ် ပြုကြောင်း သေ ချာစေရန်၊ (၃) မြန်မာစစ်တပ်အား ကျူးလွန်မှုများကို တာဝန်ခံရန်၊ အဓမ္မစစ်သား စုဆောင်းမှု၊ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး ဖိနှိပ်မှုများကို အဆုံးသတ်ရေး ILO ယန္တရားကို အသုံးပြုရန် တောင်းဆိုကြောင်းနှင့် မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာကို လေးစားလိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ILO နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG သည် အသင့်ရှိနေပြီဖြစ်ကြောင်း NUG ကိုယ်စား IUF က ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ

Most read