Homeပြည်တွင်းသတင်းမြဝတီမြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး ပိတ်ပစ်မယ်လို့ BGF ခေါင်းဆောင်စောချစ်သူ ပြော

မြဝတီမြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး ပိတ်ပစ်မယ်လို့ BGF ခေါင်းဆောင်စောချစ်သူ ပြော

၁၈ ဖေဖော်ဝါရီ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြို့ဝတီမြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေလိမ်လုပ်ငန်းတွေအားလုံးကို ပိတ်ပစ်မယ်လို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ပြောဆိုလာ တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai PBS သတင်းမှာ ဖော်ပြလာမှုအရ သိရပါတယ်။

BGF ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြဝတီမြို့က တရုတ်နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်း တွေ အားလုံးကို ရှင်းထုတ်ပစ်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မယ်လို့ သူကကတိပေး ပြောဆိုခဲ့တယ်လို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ပြောဆိုခဲ့တာလို့ သိရပါတယ်။

၎င်းတို့အနေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့အတူ လက်တွဲလုပ်ဆောင်တာမျိုးမရှိဘဲ အဲဒီငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့ မြေနေရာ ငှားရမ်းခတွေကိုသာ ကောက်ခံခဲ့ကြောင်းနဲ့ လက်ရှိမှာ ငွေလိမ်လုပ်ငန်းထဲမှာပါဝင်တယ်လို့ သံသယရှိသူ ၁၀၀၀ ကျော်ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း ပြောဆိုထားပါတယ်။

ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်းကတော့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ထိထိရောက်ရောက်အရေးယူဖို့နဲ့ မြန်မာဘက်ကို လောင်စာဆီတွေ ဆိုလာတွေ ရောင်းချတာကိုလည်း ပိတ်ပင်ဖို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က တာ့ခ်ခရိုင် အမှတ် ၄ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့နဲ့ ဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

BGF ထိန်းချုပ်ထားတဲ့ မြ၀တီနဲ့ ရွှေကုက္ကိုဒေသမှာ အွန်လိုင်းလောင်းကစားနဲ့ လူကုန်ကူးမှုတွေဖြစ်ပေါ်နေပြီး ဒါဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဖြစ်သလို ထိုင်းရဲ့ လုံခြုံရေးနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေတယ်လို့ ရန်စီမန်ရုမ်းက ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read