၂၅ ဒီဇင်ဘာ၊၂၀၂၄
မိုးကုတ်မြိုနယ်၊ (၇)မိုင်ကျေးရွာတွင် နေအိမ် (၁)လုံး ဒီဇင်ဘာလ ၁၉ ရက်နေ့က ဓါးပြတိုက်ခံရပြီး ဓါးပြတိုက်သူတွေထဲမှည စစ်ဝတ်စုံနဲ့တူညီတဲ့ ဝတ်စုံဝတ်ဆင်ထားသူတစ်ဦးပါဝင်နေတယ်လို့ TNAL က ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဆိုပါ ဓါးပြတိုက်သူ အမည်မသိလူ (၂)ဦးသည် သေနတ်(ပစ်စတို) တစ်ယောက်တစ်လက် ကိုင်ဆောင်ပြီး ( ၇)မိုင်ကျေးရွာရှိ နေအိမ် (၁)အိမ်ကို ဓါးပြဝင်တိုက်ခဲ့ပြီး နေအိမ်အတွင်းရှိ စိန်ရွေရတနာတွေကို ယူဆောင်း သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ အမျိုးသား ၂ ဦးနက် စစ်ဝတ်စုံနဲ့ တူတဲ့ အဝတ်အစားကို တစ်ယောက်က ဝတ်ဆင်ထားပြီး နောက်တစ်ဦးမှာ အရပ်ဝတ်ကိုသာ ဝတ်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
၎င်းစစ်ဝတ်စုံဟာ မည်သည့်အဖွဲအစည်းဖြစ်ကြောင်း PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲမှ စုံစမ်းနေဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဓါးပြတိုက်ခံရတဲ့နေအိမ်မှာ ဦးဂျဲတ်ဂတ်ဗဟာဒူး ဆိုသူရဲ့ နေအိမ်ဖြစ်ပြီး ရွှေ ၂၀ကျပ်သား၊ စိန်လက်စွပ် ၅ ကွင်း၊ ကျောက်စိမ်း ၂ လုံး၊ ချယ်အပွင့်နားကပ် ၁ ခု၊ ရံရွှေနားကပ် ၁ ခု၊ ကျောက်နှစ်လိုင်းပါလက်စွပ် ၁ ကွင်း၊ ကျောက် ၁ ထုပ်၊ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး စတဲ့ပစ္စည်းတွေကို ယူဆောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ မိုးကုတ်မြို တရားဥပဒေစိုးမိုးရေးတပ်ဖွဲမှ ပြစ်မှုကျူးလွန်သူတွေ အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
Photo – PSLF/TNLA