၁၉ အောက်တိုဘာ၊ ၂၀၂၄
ယူကရိန်းနိုင်ငံထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရု ရှားတပ်တွေနဲ့ပူးပေါင်းဖို့အတွက် မြောက်ကိုရီးယားစစ်သားတွေကို ရုရှားနိုင်ငံကို စေလွှတ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီသတင်းဟာ အထူးစိုးရိမ်စရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံက သမ္မတအိမ်ဖြူတော်ရဲ့အမျိုးသားလုံခြုံ ရေးကောင်စီပြောခွင့်ရှိသူ ပြီးခဲ့တဲ့သောကြာနေ့က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲမီဒီယာတွေမှာလည်း ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ လောက်ရောက်ရှိနေပြီလို့ ဖော်ပြထားသလို တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့တွေကလည်း ရုရုားမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅၀၀ ဦး ကနဦး ရောက်ရှိသွားပြီလို့ ဆိုထားပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံ၊ပေါ်တာဗာဒေသအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ မြောက်ကိုရီးယားထုတ်လို့ ယူဆရတဲ့ မစ်ဇိုင်း အပျက်အစီးအစိတ်အပိုင်းများကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှား(မော်စကို)နဲ့ မြောက်ကိုရီးယား(ပြုံယမ်း)တို့အကြားမှာ ပူးပေါင်းဆောင်ရွက်တွေ တိုးမြှင့်နေပြီး ပူတင်နဲ့ ကင်မ်တို့ဟာ သူတိုရဲ့နိုင်ငံတွေမှာ ကျူးကျော်ခံရရင် တစ်ဦးကိုတစ်ဦး အ ပြန်အလှန် အကူအညီ ပေးကြဖို့ ကတိပြုထားတယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားနဲ့ရုရှားတို့ကြား စစ်ရေးမဟာမိတ် ပူးပေါင်းနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံ၊ဆာဂျီဗ်စကီ လေ့ ကျင့်ရေးစခန်းမှာ မြောက်ကိုရီးယား တပ်သားပုံစံတွေ ပါတဲ့ ဗီဒီယိုထွက်ပေါ်ပြီး AI ရဲ့ မျက်နှာသွင်ပြင် အနေထား ဆော့ဖ်ဝဲသုံး ဆန်းစစ်မှုအရ ဗီဒီယိုမှာ ပါတဲ့သူတွေဟာ မြောက်ကိုရီးယားရဲ့ အထူးတပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ရုရှားမှာ မြောက်ကိုရီးယာတပ်ဖွဲ့ဝင်တွေေရောက်ရှိနေတယ်လို့ သတင်းများ အခိုင်အမာထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ တောင်ကိုရီးယားအစိုးရအဖွဲ့ဟာသမ္မတအပါအဝင် အမျိုးသားလုံခြုံရေးဝန်ကြီးဌာန၊အမျိုးသားလုံခြုံရေးရုံးအဖွဲ့နဲ့ အမျိုးသား ထောက် လှမ်းရေးဌာနတို့ပါဝင်တဲ့ လုံခြုံးအစည်းအဝေးကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။