Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမှာ အရပ်သား ၄ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမှာ အရပ်သား ၄ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

၂၅ စက်တင်ဘာ၊၂၀၂၄

သီပေါမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂)စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ TNLA က စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၃)ရက်နေ့ နေ့လည်(၃း၀၀)နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ(၂)စီးနဲ့ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် နားလွယ်ကျေးရွာအတွင်း ကျ ရောက်ပေါက်ကွဲခဲ့ပြီး မောင်ကြည်တာ အသက်(၁၈)နှစ်၊ မောင်ဂူသာ အသက်(၂၁)နှစ်၊ ဒေါ်မာလေး အသက် (၅၀)နှစ်နဲ့ ဒေါ်အေနွန် အသက်(၇၇)နှစ်တို မြေးအဖွား (၄)ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက်(၂)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါဝင် အမျိုးသား(၃)ဦးရဲ့ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နဲ့ လက်မောင်းတွေမှာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး နားလွယ်ကျေးရွာရှိ နေအိမ်(၁၀)လုံး ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးတဲ့ ဗုံး(၁)လုံးလည်း ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့က ညပိုင်းကလည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ်နဲ့ဗုံး အလုံး (၂၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူလူထုတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

ပုံစာ- စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပျက်စီးခဲ့သည့် သီပေါဒေသခံများနှင့် နေအိမ်များ

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read