၁၅ ဩဂုတ် ၂၀၂၆ | New Day Myanmar
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးမှာ ကုန်စိမ်းတွေ တင်ဆောင်လာတဲ့ CANTER ၆ ဘီးယာဉ်တစ်စီး ဒီကနေ့ ဩဂုတ် ၁၅ ရက် မနက်ပိုင်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) က ဦးဆောင်ပြီး အလင်းသစ်ကယ်ဆယ်ရေးအဖွဲ့၊ M Rescue နဲ့ မြေနီကုန်းကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်ကူညီခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူရဲ့ ရုပ်အလောင်းကို ထုတ်ယူကယ်ဆယ်ပေးခဲ့သလို ဒဏ်ရာရရှိသူနှစ်ဦးကိုလည်း မြဝတီဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ဖို့ New Day Myanmar က အလင်းသစ်လူမှုကူညီရေးအဖွဲ့ တာဝန်ခံဆီ ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေတာကြောင့် ဆက်သွယ်မရသေးပါဘူး။
ဓာတ်ပုံ – Hla Tun

