Homeပြည်တွင်းသတင်းဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေ မြင့်တက်နေတဲ့အတွက် အများပြည်သူကို အရေးပေါ်သတိပေး

ဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေ မြင့်တက်နေတဲ့အတွက် အများပြည်သူကို အရေးပေါ်သတိပေး

၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်းမှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြစ်ရေနဲ့ ချောင်းရေတွေ တဖြည်းဖြည်း မြင့်တက်လာပြီး ရေကြီးနိုင်တဲ့အခြေအနေကို ရောက်ရှိလာနေတယ်လို့ ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခြေအနေကို သတိထားစောင့်ကြည့်နေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေက မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ မိုးလေဝသသတင်းတွေနဲ့ မြစ်ရေခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရေနစ်မြုပ်နိုင်တဲ့ မြေနိမ့်ပိုင်းဒေသတွေမှာရှိတဲ့ လယ်ယာသုံးပစ္စည်းတွေ၊ မျိုးစေ့တွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ကုန်းမြင့်ပိုင်းတွေဆီ ကြိုတင်ရွှေ့ပြောင်းထားဖို့နဲ့ သောက်သုံးရေ၊ ရိက္ခာခြောက်နဲ့ အရေးပေါ်ဆေးဝါးတွေကိုလည်း အသင့်စုဆောင်းထားဖို့ အကြံပြုထားပါတယ်။

ရေဝင်ရောက်နိုင်တဲ့ နေရာတွေမှာရှိတဲ့ လျှပ်စစ်မိန်းခလုတ်တွေနဲ့ ဝါယာကြိုးတွေကိုလည်း ကြိုတင်စစ်ဆေးပြီး လိုအပ်ရင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားဖို့ သတိပေးထားပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေက မိုးနဲ့ ရေအခြေအနေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြဖို့ အများပြည်သူကို နှိုးဆော်ထားပါတယ်။

Related News

Most Read