Homeပြည်တွင်းသတင်းမြစ်ကြီးနားမြို့‌ပေါ်မှာ အသက်၂၁အရွယ်မိန်းကလေးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူတွေဟာ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဖြစ်နေ

မြစ်ကြီးနားမြို့‌ပေါ်မှာ အသက်၂၁အရွယ်မိန်းကလေးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူတွေဟာ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဖြစ်နေ

၁၇ ဇန်နဝါရီ ၂၀၂၆

မြစ်ကြီးနားမြို့‌ပေါ်မှာ အသက်၂၁အရွယ်မိန်းကလေးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူတွေဟာ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဖြစ်နေတယ်လို့ မြစ်ကြီးနားဒေသခံ သတင်းရင်းမြစ် တစ်ဦးဆီက သိရပါတယ်။

လတ်တလော ကျူးလွန်သူ ၆ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးထားပြီး နောက်ထပ် ကျူးလွန်သူတွေကို ဖော် ထုတ်နေတယ်လို့ဆိုပါတယ်။

ကျူးလွန်သူတွေဟာ အသုံးပြုခဲ့တဲ့သေနတ်ဟာ မြစ်ကြီးနားအစိုးရအဖွဲ့လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြစ်နေပြီး၊ ဒီအပေါ်မှာ စစ်ကောင်စီဘက် ကျူးလွန်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဆီက သေနတ်လုယူသွားပြီး ဓားပြတိုက်ဖို့ကြိုးစားတာဖြစ်တယ်လို့ သတင်းလွှင့်ထားတယ်လို့ဆိုပါတယ်။

“သူတို့က မြစ်ကြီးနား အစိုးရအဖွဲ့ကိုလုံခြုံရေးယူထားတံ့ တပ်ဖွဲ့ဆီက သေနတ်ဖြစ်နေတယ်တဲ့ ၊ မြို့ခံတွေက ဒါကိုသိတော့ ဖြေရှင်းပေးဖို့တောင်းဆိုတာ လုသွားကြတာလို့ သတင်းပြန်လွှင့်ထားတယ်။ မိန်းကလေးကိုတော့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်တာတွေလုပ်ပေးနေတယ်ကြားတယ်။ ဒီကောင်တွေပါဘဲဗျာ(စစ်ကောင် စီတပ်ဖွဲ့ကို ရည်ညွှန်း)”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ရက် (ခရစ္စမတ်နေ့)ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ခရစ္စမတ်နေ့ ည ၈နာရီအချိန်ခန့်မှာ အ သက် ၄၀ခန့်အရွယ် အမျိုးသမီးနှစ်ဦး နဲ့ အသက် ၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာမြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ကအပြန် အမျိုးသား ခြောက်ဦးက တားဆီးရိုက်နှက်ပြီး အသက်၂၁နှစ်အရွယ်အမျိုး သမီးကိုအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ကြရတာပါ။

ကျန် အမျိုးသမီးနှစ်ဦးကို လမ်းမှာထားခဲ့ပြီး လမ်းသွားလမ်းလာ ကားတစ်စီးကိုလည်း သေနတ်နဲ့ပစ်ခတ်တားဆီးကာယာဉ်မောင်းလာသူ အမျိုးသားတစ်ဦးဖမ်းဆီးခေါ်ဆောင်သွားပြီးသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့တာဘဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ၂၁ ရက်ညပိုင်းကလည်း မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်မှာ စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မိန်းက လေးအဆောင်ထဲကို ညဘက်ခိုးဝင်ပြီး သေနတ်ပြခြိမ်းခြောက် အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့လို့ ဒေသခံတွေကဝိုင်းဖမ်းဆီးခဲ့ရပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး