Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ ကလေးငယ် ၁ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရ

မြန်မာနိုင်ငံမှာ ကလေးငယ် ၁ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရ

၂၁ နိုဝင်ဘာ ၂၀၂၅

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ ဘေးအန္တ ရာယ်တွေကြောင့် ကလေးငယ်ပေါင်း ၁ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရတယ်လို့ သြစတြေးလျ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

မနေ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့ကလေးများနေ့မှာ ကလေး သူငယ်ဆိုင်ရာ အသိပေး ထုတ်ပြန်ချက်အနေနဲ့ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ကလေးငယ်တွေဟာ လူမှုအသိုက် အ ဝန်းရဲ့ အငယ်ဆုံးအဖွဲ့ဝင်တွေပါ။ မိမိတို့ အနေနဲ့ အနာဂတ်မှာပါဝင်မယ့် က လေးငယ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ပဋိပက္ခနဲ့ဘေး အန္တရာယ်ဖြစ်ပွားလေ့ရှိသော အခြေ အနေတွေမှာ သူတို့ကြုံရတဲ့ စိန်ခေါ်မှုများစွာကို ထုတ်ဖော်လုပ်ဆောင်ဖို့လိုပါတယ်” ဟု သြစတြေးလျ မြန်မာသံရုံးက ဆိုပါတယ်။

ဒါအပြင် သြစတြေးလျနိုင်ငံအနေနဲ့ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားချင်းစာနာမှုလုပ်ငန်းအစီအစဥ်‌တွေကတဆင့် မြန်မာနိုင်ငံထဲက ပဋိပက္ခဖြစ်ပွားရာ ထိ ခိုက်လွယ်အသိုက်အဝန်းတွေမှာရှိတဲ့ကလေးငယ်အားလုံးရဲ့အခွင့်အရေးနဲ့ကိုယ်စိတ်ကျန်းမာရေးတို့ကိုကာကွယ်ဖို့လျာရာထားတဲ့ ကတိကဝတ်နဲ့ကာလရှည်ပံ့ပိုးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုလက်ထက် မြန်မာနိုင်ငံတွင်းက ကလေးငယ်တွေ ကျောင်းမတက်ဘဲ ကျောင်းထွက်ခဲ့ကြတဲ့ CDMလှုပ်ရှားမှုတွေမှာ အခုထိတိုင်ပါဝင်နေပေမယ့် အဲဒီကလေးငယ်တွေဟာ အမေ့လျော့ခံဘဝအနေနဲ့ မိသားစုဝမ်းရေးအတွက် အလုပ်လုပ်ကိုင်‌နေကြရတာကိုလည်းတွေ့ရပါတယ်။

တဖက်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှု၊ အထွေထွေအကြပ်အတည်းတွေကြောင့် အိမ်စေ့လူအကုန်အလုပ်ထွက်လုပ်ကြရာမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေပြီး အချို့ကလေးငယ်တွေဟာ လမ်းဆုံးလမ်းခွတွေမှာ ပန်းရောင်းချတာ ရေသန့်ရောင်းတာစတဲ့ လုပ်ငန်းတွေထဲအထိ ရောက်ရှိလာကို တွေ့နေရပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်နေပြည်သူတဦးက ” ကျွန်တော့်အိမ်က ကလေးတွေက CDM ဆိုလို့ CDM လုပ်လိုက်တာ အခုထိဘဲ။ ကျောင်းလည်းတက်မရ တက်မယ်ဆိုလည်း အရွယ်နဲ့ အတန်းနဲ့က အရမ်းကွာသွားတယ်။ သူတို့လည်းမတက်ချင်ကျတော့ဘူးပေါ့။ ကုန်ဈေးနှုန်းတွေကတက်လာ ကျွန်တေယ်တဦးတည်းရှာတာနဲ့မလောက်တော့ သူတို့လည်ူအလုပ်ထွက်လုပ်မယ်ဆိုပြီး လုပ်ကုန်ကြတာ။ ဒီလိုအလုပ်လုပ်ဖို့က သူတို့အိမ်မက်မဟုတ်ဘူး။ သူတို့အိမ်မက်ကဝေးသွားတာပေါ့။စနစ်တခုရဲ့ သားကကောင်ဆိုတာ ဒါမျိုးကိုပြောတာ။တော်လှန်ရေး ဦးဆောင်သူတွေ လေထဲကပြောနေလို့မရဘူး။ နောင်တချိန်မှာ ဒီကလေးတွေအပေါ် တာဝန်ယူတာဝန်ခံဖို့လိုတယ်”လို့မှတ်ချက်ပြုပြော ဆိုပါတယ်။

ဒါကြောင့် ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေဟာ မူလအခြေခံအခွင့်အရေးတွေရရှိဖို့ အဟန့် အတားဖြစ်စေတဲ့ အတားအဆီးတွေကို ရင်ဆိုင်ရာမှာ ထူးထူးခြားခြား ခံနိုင် ရည်ရှိကြတာကို သိသာထင်ရှားစွာတွေ့ရှိရတယ်လို့ ဂျာမနီ မြန်မာသံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး