Homeပြည်တွင်းသတင်းဒေါ်သက်သက်ခိုင်ရဲ့ ရွေ့ကောက်ပွဲဝင်နိုင်ရေး အသနားခံစာကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ပယ်ချ

ဒေါ်သက်သက်ခိုင်ရဲ့ ရွေ့ကောက်ပွဲဝင်နိုင်ရေး အသနားခံစာကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ပယ်ချ

၁၅ နိုဝင်ဘာ ၂၀၂၅

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းလို့ဆိုပြီး အတည်ပြု လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ထားတာကို အယူခံဝင်ပေမယ့် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းကို ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက ဘီဘီစီသတင်းဌာနကို အတည်ပြုပြောဆိုထားတာဖြစ်ပါတယ်။

New Day Myanmar က ပြည့်သူ့ရှေ့ဆောင်ပါတီကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမျိုးမရှိခဲ့ဘူး။

ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အမတ်ဟောင်းတဦးဖြစ်ပြီး ၊ စစ်ကော်မရှင်လက်ထက်မှာလဲ ပြည်ထောင်စုဝန်ကြီးဌာန နှစ်နေရာကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။

သူမဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ PPP ပါတီကို တည်ထောင်ပြီး ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး