မော်လမြိုင်မှာ ပွဲဈေးကပြန်လာတဲ့ LGBT သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၂ဦး
နေရာမှာတင်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မနေ့က နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ သေနတ်နဲ့အပစ်ခံရတဲ့LGBT သုံးဦးဟာ ဆိုင်ကယ်တစီးနဲ့ မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပွဲဈေးမှ ပြန် လာချိန် နောက်ကဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
နေရာတင်သေဆုံးခဲ့တဲ့ LGBT နှစ်ဦးဟာ
အသက် ၃၀ အရွယ်ဝန်းကျင်ရှိတဲ့ မာမက်အာယွန်း၊ တင်ကိုကိုဦးဆိုသူတွေဖြစခပြီး ဇွဲဝေယံထက်ဆိုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ 9 mm အမျိုးအစား ကျည်ခွံ ၄ ခု နဲ့ 9 mm ကျည်ထိပ် ဖူးတစ်ခုတွေ့ရှိထားပြီး ၊ ပစ်ခတ်သူတွေကို ရဲ့တပ်ဖွဲ့စုံစမ်းနေတယ်လို့ နယ်မြေရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဆိုပါတယ်။
“ရဲကတော့ အခုထိ စုံစမ်းနေတုန်း။ ဘာ့ကြောင့် ဒီလိုလုပ်တယ်ဆိုတာကို တော့ မသိရသေးဘူး၊ သူတို့တွေက အေးဆေးနေထိုင်သွားလာသူတွေပါ။ အလှပြင်ဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်သူတွေ”လို့ ဒေသခံတဦးက ပြောပါတယ်။
LGBT သုံးဦးဟာ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မဟာမြိုင် (၉)လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်အလှပြင် ဆိုင်ဖွင့်လှစ်ထားသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ


