Homeပြည်တွင်းသတင်းရွေးကောက်ပွဲဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၉၀ ဦးထက်မနည်းရှိလာ

ရွေးကောက်ပွဲဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၉၀ ဦးထက်မနည်းရှိလာ

နိုဝင်ဘာ ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၂၀၂၅ အောက်တိုဘာလကုန်အထိစာရင်းအရ အနည်းဆုံး ၉၀ ထက်မနည်းရှိနေပြီဖြစ်ပါတယ်။

စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကတော့ သူ့ရဲ့ ရဲတပ်ဖွဲ့ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” နဲ့ အောက်တိုဘာ ၂၉ ရက်အထိ အရေးယူဆောင်ရွက်မှု ၄၀ မှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၈၈ ဦးကို ရွေးကောက်ပွဲအကာအကွယ်ပေးရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါဟာ အောက်တိုဘာ ၂၉ ရက်အထိ စာရင်းပဲဖြစ်ပြီး “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဆိုတဲ့ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအကြောင်း ဇာတ်လမ်းတိုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ react ပေးတယ်လို့ဆိုကာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူတို့ကို စစ်တပ်က ဖမ်းဆီးထားပါသေးတယ်။

ဇူလိုင် ၂၉ ရက်ကစလို့ အောက်တိုဘာနောက်ဆုံးပတ် ၃ လဝန်းကျင်အတွင်း စုစုပေါင်း ဖမ်းဆီးခံထားရသူ တွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်နေပါတယ်။

“စစ်တပ်ကတော့ သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ ဘယ်သူ ကန့်ကွက်သည်ဖြစ်စေလုပ်မှာပဲဆိုတော့ သူတို့ကို ဝေဖန်တဲ့ ဘယ်သူကို မဆိုလည်းဖမ်းမှာပါပဲ။ စစ်တပ်ကတော့ စစ်တပ် အကျင့်ပါပဲ၊ အကြောက်တရားသွင်းတာပေါ့။”လို့ ရန်ကုန်မြို့နေပြည်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

စစ်တပ်ဟာ သူတို့ ရွေးကောက်ပွဲ ပြုလုပ်မယ့် ဒီဇင်ဘာလကို ချည်းကပ်လာတာနဲ့ အမျှ ရွေးကောက်ပွဲကို ဝေဖန်သူတွေကို ပိုမိုဖမ်းဆီးနေတာဖြစ်ပါတယ်။

ပုံစာ- ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူတို့ကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး