Homeပြည်တွင်းသတင်းNLD တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ လောင်းကစားဆိုက်အဖြစ်ကို ပြောင်းလဲနေ

NLD တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ လောင်းကစားဆိုက်အဖြစ်ကို ပြောင်းလဲနေ

၂၃ ဇွန် ၂၀၂၄

သက်တမ်း တစ်နှစ်လောက်ကျန်နေသေးတဲ့ NLD ဗဟိုပြန်ကြားရေး ဝက်ဘ်ဆိုက်စာမျက်နှာဟာ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက် စာမျက်နှာတစ်ခုအဖြစ် ပြောင်းလဲနေတယ်လို့ NLD Webpage ကို ဝင်ရောက်ကြည့်ရှုခဲ့တဲ့ Myanmar Now က ဖော်ပြပါတယ်။

NLD ဝက်ဘ်ဆိုက်စာမျက်နှာ ( nld-official.org )ဟာ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုအဖြစ်ကို ပြောင်းလဲနေပြီး ဝင်ရောက်ကြည့်ရှုလိုက်ရင် အင်ဒိုနီးရှားဘာသာနဲ့ ဖော်ပြထားတဲ့ လောင်းကစား ဝက်ဘ်ဆိုက်တစ်ခုထဲကို ရောက်သွားပါတယ်။ ဝက်ဘ်ဆိုက်လိပ်စာနာမည်တွေကို စစ်ဆေးတဲ့အခါ NLD ရဲ့ webpage ဟာ ၂၀၁၇ မေလ ၂၄ ရက်မှာ စတင်လွှင့်တင်ခဲ့တာ ဖြစ်ပြီး သက်တမ်းမှာ ၇ နှစ် ၁လ ရှိပြီး သက်တမ်းမှာ ၁၁ လ ကျန်နေပါသေးတယ်။

လက်ရှိ page ကို Admin အဖြစ် ကိုင်တွယ်နေသူတွေကို ကြည့်တဲ့အခါ မြန်မာနိုင်ငံက ၂ ဦး ၊ ထိုင်းနိုင်ငံမှ တစ်ဦး ၊ ယူကေမှ တစ်ဦးကိုင်တွယ်နေတာကို တွေ့ရပြီး အင်တာနက်အသုံးပြုသူတွေကတော့ ဒါဟာ စစ်ကောင်စီက Hack တာ ဖြစ်နိုင်တယ်လို့ ပြောကြသလို သက်တမ်းဆက်မတိုးလို့ Domain ရောင်းသူက တခြားသူကို ရောင်းလိုက်တာမျိုးဖြစ်နိုင်တယ်လို့ မှတ်ချက်ချပါတယ်။

“၂၀၂၁ အောက်တိုဘာမှာ မူရင်း NLD website ကစပြုတ်သွားတယ်။ သက်တမ်းမတိုးမိတာဖြစ်မယ်။ ၂၀၂၂ တစ်နှစ်လုံးလည်း ဘာ website မှမတင်ထားဘူး။ ၂၀၂၃ ဧပြီမှာ domain provider ကနေ domain ကို ပြန်ရောင်းနေတယ်။ ၂၀၂၃ အောက်တိုဘာကစပြီးတော့ လောင်းကစား website ဖြစ်သွားပြီ။ ဖြစ်နိုင်တာက မူရင်း domain ကိုင်တဲ့လူက သက်တမ်းတိုးဖို့ အခက်အခဲဖြစ်သွားတယ်ထင်တယ်။ သူမတိုးမိတော့ domain ရောင်းတဲ့ဆီကလည်း သူ့ဘာသာသူ ဆက်တိုးပြီး ပြန်ရောင်းစားလိုက်တယ်။ ဒါကြောင့် 2017-05-24 မှာ register လုပ်တယ်ဆိုတဲ့ date ကြီးပေါ်နေတာ။ ဒီအတိုင်း သက်တမ်းကုန်လို့ ရတဲ့သူဝယ်သွားတာဆိုရင် ၂၀၂၂ ခုနှစ်နဲ့ပေါ်နေရမှာ။” လို့ အင်တာနက်အသုံးပြုသူတစ်ယောက်က မှတ်ချက်ချထားပါတယ်။

လက်ရှိတော့ ဝက်ဘ်ဆိုက်စာမျက်နှာ ပြောင်းလဲသွားတာနဲ့ပတ်သတ်ပြီး NLD ပါတီက တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို ၂၀၂၂ ခုနှစ်ထဲက website ကို ဘာမှ အသစ်ထပ်မတင်တော့တာ ဖြစ်ပါတယ်။

Related News

Most Read