သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာရဲ့ အလုပ်သမားအရေးလှုပ် ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို မနေ့က ဩဂုတ် ၁၈ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးကို ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အဲဒီအဖွဲ့ချုပ်က အသိပေးဖော် ပြထားပါတယ်။
သူတို့ကို ရွှေပြည်သာမြို့နယ်တရားရုံးက ၁၉၆၁ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) နဲ့ သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ခဲ့ပြီး ဩဂုတ်၂၅ ရက်မှာ ရုံးချိန်းပြန်လည်ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။
လတ်တလော ဒေါ်မျိုးမျိုးအေးပါ အဖွဲ့ဝင် ၈ဦးကို အင်းစိန်အကျဉ်းထောင် အချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန် အခုစွဲဆိုထားတဲ့ ပုဒ်မအပြင် အခြားပုဒ်မတွေနဲ့ထပ်ပြီး တရား စွဲဆိုထားတာမရှိသေးဘူးလို့ သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) ဖော်ပြထားပါတယ်။
ပုံစာ-STUM ရဲ့ အဖွဲ့ဝင်တွေကိုသင်တန်းပို့ချပေးနေတဲ့ မြင်ကွင်း(ပုံအဟောင်း)
ဓာတ်ပုံ-STUM


