Homeပြည်တွင်းသတင်းမုတ်သုံလေ အားကောင်းလာနိုင်၍ ကမ်းရိုးတန်းဒေသများသို့ ခရီးမထွက်ကြရန် သတိပေး

မုတ်သုံလေ အားကောင်းလာနိုင်၍ ကမ်းရိုးတန်းဒေသများသို့ ခရီးမထွက်ကြရန် သတိပေး

၂၅ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နေပြီး လာမယ့်ရက်တွေမှာ မုတ်သုံလေ အားကောင်းလာနိုင်တာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးတာနဲ့ လှိုင်းကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကမ်းခြေဒေသတွေကို ခရီးမထွက်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက သတိပေးထားပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အထက်ပိုင်းဒေသတွေကို မုတ်သုံလေ စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အောက်ပိုင်းဒေသတွေမှာတော့ မုတ်သုံလေ အပြည့်အဝ လွှမ်းခြုံထားပြီးဖြစ်ကာ မုတ်သုံမိုးတွေ ဆက်လက်ရွာသွန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့ကြောင့် မေလ ၂၉ ရက်ကနေ ဇွန်လ ၆ ရက်အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းဒေသတွေနဲ့ ကျွန်းငယ်တွေကို ခရီးသွားလာတာ မပြုသင့်ကြောင်း သတိပေးထားပါတယ်။

ဒါ့အပြင် မိုးဦးကာလမှာ လျှပ်စီးမိုးကြိုး အန္တရာယ်ကိုလည်း အထူးဂရုစိုက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာတာနဲ့ မိုးခြိမ်းသံတွေ ကြားရပါက ကွင်းပြင်တွေ၊ လယ်ကွင်းတွေကို သွားလာတာ မပြုလုပ်ဘဲ နီးစပ်ရာ အဆောက်အအုံတွေအတွင်း အမြန်ဝင်ရောက်နေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး