Homeပြည်တွင်းသတင်းစစ်ယူနီဖောင်းချွတ် သမ္မတနဲ့ ဒုသမ္မတတွေ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာကျိမ်ဆိုမည်

စစ်ယူနီဖောင်းချွတ် သမ္မတနဲ့ ဒုသမ္မတတွေ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာကျိမ်ဆိုမည်

၉ ဧပြီ ၂၀၂၆ ၊ New Day Myanmar

မနက်ဖြန် ဧပြီ ၁၀ ရက်နေ့မှာ စစ်ယူနီဖောင်းချွတ် သမ္မတနဲ့ ဒုသမ္မတတွေ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှာ ကတိသစ္စာကျိမ်ဆိုသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ ကတိသစ္စာကျိမ်ဆိုပွဲမှာ စစ်ယူနီဖောင်းချွတ် သမ္မတ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားသွားမယ်လို့ အစည်းအဝေး အစီအစဉ် လျာထားချက်အရ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်ကြတဲ့ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေ အပါအဝင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကလည်း ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကလည်း အသီးသီး ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။

ဧပြီ ၁၀ ရက်နေ့ဟာ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံး ကျင်းပပြီးစီးမယ့် နောက်ဆုံးရက်လည်း ဖြစ်ပါတယ်။

Related News

Most Read