၁၂ ဧပြီ ၂၀၂၆ | New Day Myanmar
မာကို ရူဘီယို က ၂၀၂၆ ခုနှစ် မြန်မာ့အတာသင်္ကြန်နဲ့ နှစ်သစ်ကူးကာလအတွက် မြန်မာပြည်သူတွေကို ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကိုယ်စား ပြောကြားတဲ့ ထုတ်ပြန်ချက်မှာ မြန်မာပြည်သူတွေ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြတဲ့အတွက် နွေးထွေးစွာ ဆုမွန်ကောင်းတောင်းပြီး အားပေးစကား ပြောခဲ့ပါတယ်။
မာကို ရူဘီယိုက သင်္ကြန်အချိန်ဟာ ပြီးခဲ့တာတွေကို ပြန်လည်သုံးသပ်ပြီး ရှေ့လာမယ့် နှစ်သစ်ကို မျှော်ကြည့်နိုင်တဲ့ အချိန်အခါတစ်ခုဖြစ်ပါတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အခြေအနေတွေ ဆက်လက်ဆိုးရွားနေသော်လည်း အကျပ်အတည်းတွေ အဆုံးသတ်နိုင်ဖို့ အမေရိကန်ဘက်က ဆက်လက် ကူညီပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ ဆင်းရဲဒုက္ခတွေကြားထဲမှာတောင် ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ထပ်တလဲလဲ ပြသခဲ့ကြတာဖြစ်ပြီး သင်္ကြန်ရဲ့ အဓိပ္ပါယ်အတိုင်း ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေ ရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆက်လက် ထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာပြည်သူတွေ အတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နဲ့ နှစ်သစ်မှာ မျှော်လင့်ချက်အသစ်တွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။


