Homeအထူးသတင်းMicrosoft က ထိုင်းမှာ AI ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

Microsoft က ထိုင်းမှာ AI ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

၃၁ မတ် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံက ဉာဏ်ရည်တုအာတီဖီရှယ်အင်တယ်လီဂျင့်စ် (AI) နယ်ပယ်မှာ ဒေသအတွင်း ဦးဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ Microsoft က လာမယ့် နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ကို အင်္ဂါနေ့ မနက်ပိုင်းက အစိုးရအိမ်တော်မှမှာ ကျင်းပတဲ့ တွေ့ဆုံပွဲအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူး နဲ့ Microsoft ရဲ့ President နဲ့ Vice Chairman ဖြစ်သူ ဘရက်ဒ် စမစ် တို့ တွေ့ဆုံခဲ့ကြပါတယ်။

ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူး က Microsoft ရဲ့ နည်းပညာဆန်းသစ်တီထွင်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတယ်လို့ ပြောပြီး အစိုးရဘက်ကလည်း ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ ဒီလို ပူးပေါင်းမှုတွေက နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ပြည်သူ့ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်ရောက် တိုးတက်စေမယ်လို့ ပြောပါတယ်။

ဘရက်ဒ် စမစ် ကတော့ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေ အပေါ် ယုံကြည်မှုရှိတယ်လို့ ပြောပြီး ဒီရင်းနှီးမြှုပ်နှံမှုဟာ cloud နဲ့ AI infrastructure တိုးချဲ့တာ၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ နဲ့ ပူးပေါင်းတာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆရာ/ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ နဲ့ နည်းပညာနယ်ပယ်က လူငယ်အသစ်တွေကို ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုအတွင်း ဒစ်ဂျစ်တယ် infrastructure တိုးချဲ့ရေးကိုလည်း အလေးထား ဆွေးနွေးခဲ့ပြီး Microsoft က ထိုင်းနိုင်ငံမှာ cloud နဲ့ AI လုပ်ငန်းတွေကို တိုးချဲ့မယ်လို့ ပြောထားပါတယ်။ အစိုးရဘက်ကလည်း data centre တည်ဆောက်ရေး နဲ့ ဒေသအတွင်း hub တစ်ခု ဖြစ်လာစေဖို့ အားပေးသွားမယ်လို့ သိရပါတယ်။

AI နဲ့ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာလည်း အလုပ်သမားတွေ ရဲ့ ကျွမ်းကျင်မှု မြှင့်တင်ရေး၊ AI အသိပညာ တိုးတက်ရေးနဲ့ နောက်လာမယ့် နည်းပညာကျွမ်းကျင်သူတွေကို မွေးထုတ်ရေးဟာ အရေးကြီးတယ်လို့ နှစ်ဖက်လုံးက အလေးထား ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံကို “AI-first nation” အဖြစ် ပြောင်းလဲနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နဲ့ နည်းပညာကုမ္ပဏီတွေကြား ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူး က ပြောပါတယ်။

ဘရက်ဒ် စမစ် ကလည်း ကမ္ဘာတစ်ဝန်း အထူးသဖြင့် အာရှဒေသမှာ AI အသုံးပြုမှု မြန်ဆန်စွာ တိုးတက်နေတယ်လို့ ပြောပြီး Microsoft အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး