Homeနိုင်ငံတကာသတင်းICC ၀ရမ်းနဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကိုဖမ်းဆီး

ICC ၀ရမ်းနဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကိုဖမ်းဆီး

၁၁ မတ်၊ ၂၀၂၅

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ ၀ရမ်းနဲ့ မတ်လ ၁၁ ရက်က မနီလာလေဆိပ်မှာ ဟောင်ကောင်ကနေ မနီလာကို ပြန်အရောက် လေဆိပ်မှာပဲ မနီလာရဲတွေကဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

သူရဲ့ သမ္မတလက်ထက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖြိုခွင်းရာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ICC က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လိို့ သိရပါတယ်။

နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက သူ့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့ အစိုးရရှေ့နေချုပ်က ICC ကို အကြောင်းကြားခဲ့ပါတယ်” လို့ ဖိလစ်ပိုင် အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related News

Most Read