Homeပြည်တွင်းသတင်းစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနမှ OWIC ကတ် ပြန်ထုတ်ပေးမည်

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနမှ OWIC ကတ် ပြန်ထုတ်ပေးမည်

၁၁ မတ် ၊ ၂၀၂၅

ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရာတွင် လိုအပ်တဲ့ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြန်ထုတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသော စက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ် ထုတ်ပေးရေးစင်တာများ တစ်နေရာတည်း ပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ် သမားစာချုပ် ချုပ်ဆိုသည့်နေရာများ တစ်စုတစ်စည်းတည်းဖြစ်အောင် ပြင်ဆင်ခြင်းစတဲ့‌ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတာကြောင့် OWIC ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို ယခု မတ်လ ၂၀ ရက်ကစပြီး အတည်ပြု ပြီး အလုပ်ခေါ်စာများ (တင်ပြရက်စွဲအစဉ်အလိုက်)အရ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအားလည်းကောင်း၊ မိမိအစီအစဉ်(ကျွမ်းကျင်)ဖြင့် သွားရောက်မည့် သူများ အားလည်းကောင်း စိစစ်ပြီး OWIC ကတ် ပြန်လည်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

OWIC ကတ် ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ကို ဝယ်ယူခွင့်ပြုမယ်ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန်အကျုံးဝင်တဲ့အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့်ပိတ်ထားသလို ပြည်ပကနေခွင့်နဲ့မြန်မာပြည်ကို ပြန်လာတဲ့သူတွေကိုလည်း ပြန်ထွက် ခွင့်ပိတ်ထားတာဖြစ်ပါပါတယ်။

Photo-Social Media

Related News

Most Read