နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအ ၂၀၂၅ ခုနှစ်ရဲ့ ၆ လတာကာလအွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၂၂ ဦးအပါအဝင် အရပ်သား ၁၃၃ ဦးသေဆုံး ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
AAPP ရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ မကွေးတိုင်းမှာ အကြမ်း ဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၃) ဦး နဲ့ အမျိုးသား (၉၀) ဦး စုစုပေါင်း (၁၃၃) ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် (၂၂) ဦးအထိပါ ဝင်နေ တယ်လို့ဆိုပါတယ်။
သေဆုံးသူတွေအနက် (၆၉) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရ တာဖြစ် တယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူဟာ (၆,၈၀၉) ဦးအထိရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ (၂၉,၂၉၅) ဦးရှိတဲ့အနက် (၂၂,၁၄၂) ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၊ ထိန်းသိမ်းခံနေရသူများအနက်(၁၀,၈၅၄) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ (AAPP) ရဲ့စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – AAPP


