၂၁ မေ၊ ၂၀၂၅
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အနေနဲ့ စစ်ဒေသသုံးခုလုံးမှာရှိတဲ့ မဟာမိတ်တွေ အတူ တိုက်ပွဲတွေဖော်ဆောင်နေပြီး ရှေ့တန်းမှာ BPLA တပ်ဖွဲ့ဝင်တွေ မရှိတဲ့ရက်တောင် မရှိဘူးလို့ ပြောလာပါတယ်။
BPLA အနေနဲ့ လုံခြုံရေးစည်းမျဉ်းတွေကြောင့် လုပ်ဆောင်နေသမျှ အကြောင်းအရာအသေးစိတ်ကို တပ်တော်ရဲ့ တရားဝင်သတင်းစာမျက်နှာများမှာ ထုတ်ပြန်လေ့မရှိသလို တပ်တော်က ခွင့်ပြုထားတဲ့ တပ်မှူးတွေက လွဲပြီး ကျန်တဲ့ သူတွေကို ပြောဆိုခွင့်ပေးမထားဘူးလို့ဆိုပါတယ်။။
ဒါပေမယ့် BPLA အနေနဲ့ တပ်တည်ဆောက်ရေးနဲ့ စစ်ရေးဖော်ဆောင်မှုစဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။