Homeပြည်တွင်းသတင်းသံလျင်တံတား အဆင်း က စစ်ကောင်စီ ဂိတ် မိုင်းခွဲခံရ

သံလျင်တံတား အဆင်း က စစ်ကောင်စီ ဂိတ် မိုင်းခွဲခံရ

၂၁ မေ၊ ၂၀၂၅

သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတားအဆင်း၊ လတ်မှတ်ဂိတ်မှတ်တိုင်အနီးက စစ်ကောင်စီဂိတ်ကို မေလ ၂၁ ရက် မနက်ပိုင်းက အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ကနေ သိရပါတယ်။

“ပြည်သူကားများကို အမြဲတမ်း ဓားမြတိုက် ဆက်ကြေးကောက်နေကြသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဘဲဥများနှင့် လုံခြုံရေးယူပေးနေသော စစ်ခွေး၊ ရဲခွေးများကို မနက် ၁၀နာရီ ဝန်းကျင်အချိန်၌ အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။” လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Related News

Most Read