၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအကြောင်းပြပြီး ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ် ၁၁ ခုမှာ X-Ray Station၊ Scanner နဲ့ Electronic Endoscope အပါအဝင် ခေတ်မီရှာဖွေရေးစက်တွေ အသုံးပြုပြီး လူ၊ ယာဉ်နဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးနေတယ်လို့ မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့မှာ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် ၄ ဦးစိန်ရွှေမင်းရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။
ဦးစိန်ရွှေမင်းက လုံခြုံရေးစစ်ဆေးရေးဂိတ်တွေမှာ လူအင်အားသုံးစစ်ဆေးတာထက် နည်းပညာမြင့်စက်တွေ အသုံးပြုနိုင်ရင် တားမြစ်ကုန်ပစ္စည်းတွေနဲ့ အလိုရှိသူတွေကို ပိုမိုဖော်ထုတ်တားဆီးနိုင်မှာဖြစ်တာကြောင့် နည်းပညာမြင့်စက်ကိရိယာတွေ ထပ်မံတပ်ဆင်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးရေးဂိတ် ၁၁ ခုမှာ ခေတ်မီရှာဖွေရေးစက်တွေ တပ်ဆင်အသုံးပြုနေပြီး မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ စစ်ဆေးနေတယ်လို့ ဗိုလ်ချုပ်မင်းသူက ဖြေကြားပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ နောက်ထပ်ခေတ်မီရှာဖွေရေးစက်တွေ တပ်ဆင်ဖို့ လိုအပ်လာရင် ပြည်ထောင်စုဘတ်ဂျက်နဲ့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရတွေရဲ့ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်အသုံးပြုနေတဲ့ စစ်ဆေးရေးဂိတ် ၁၁ ခုရဲ့ တည်နေရာ၊ ဖမ်းဆီးရမိမှုအရေအတွက်၊ စက်ကိရိယာဝယ်ယူတပ်ဆင်မှုကုန်ကျစရိတ်နဲ့ နောက်ထပ်တပ်ဆင်မယ့်ဂိတ်အရေအတွက်တို့ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ပုံစာ – ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးလုပ်နေကြပုံ