Homeပြည်တွင်းသတင်းUWSA ထိန်းချုပ်ဒေသထဲ ကျားဖြန့်တွေအတွက် နေရာငှားရင် အိမ်နဲ့ခြံ သိမ်းမယ်လို့ ဆို

UWSA ထိန်းချုပ်ဒေသထဲ ကျားဖြန့်တွေအတွက် နေရာငှားရင် အိမ်နဲ့ခြံ သိမ်းမယ်လို့ ဆို

၂၆ ဧပြီ၊၂၀၂၅

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသထဲမှာ ကျားဖြန့်- အွန်လိုင်း ငွေလိမ်ဂိုဏ်းအတွက် ရုံးခန်းနေရာ ငှားပေးမယ်ဆိုရင် ပါဝင်ပတ်သက်တဲ့ အိမ်နဲ့ ခြံမြေတွေကို သိမ်းဆည်းသွားမယ်လို့ ဧပြီ ၂၆ ရက် ဒီကနေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ကျားဖြန့်လုပ်ငန်းကို ဘယ်လိုပုံစံမျိုးနဲ့မဆို ပါဝင်ကူညီတာ၊ သွယ်ဝိုက်ကူညီတာတွေ မလုပ်ဖို့ တင်းတင်း ကျပ် ကျပ် တားမြစ်ထားပြီး ဘယ်လိုချိုးဖောက်တာမျိုးကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ ‘ဝ’ ပြည်နယ် ၊ တရားရေးရာလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။

ဟိုတယ် ဒါမှမဟုတ် အိမ်တစ်လုံးကို လာငှားရမ်းမယ်ဆိုရင် သူတို့ရဲ့ အထောက်အထား ၊ အချက်အလက်တွေကို တိတိကျကျမှတ်ပုံတင်ရမှာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်တယ်လို့ သံသယရှိတဲ့သူ တွေ့ရှိရင် တရားရေးဌာ နကို ချက်ချင်း သတင်းပို့ရမယ်လို့ လည်း ဆိုထားပါတယ်။

ဓာတ်ပုံ – WSTV

ဆက်စပ် သတင်းများ

Most read