Homeပြည်တွင်းသတင်းနေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

၁၉ ဧပြီ၊ ၂၀၂၅

နေပြည်တော်က စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို ဧပြီလ ၁၈ ရက်၊ ညပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM) အဖွဲ့ထံက သိရပါတယ်။

BWM အဖွဲ့ရဲ့ ဦး‌‌ဆောင်မှုနဲ့ Black Leopard အဖွဲ့ က ရှော့တိုက်ဒုံးတွေကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာတောင် ပြည်သူတွေကို သတ်ဖြတ်ဖို့ အေလာလေတပ်ကို အသုံးပြုနေတာကြောင့် ခုလို လေတပ်နှိမ်နှင်းရေးနှစ်သစ်လက်‌ဆောင်အဖြစ် BWM Mission 33 ကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံး ၃ လုံးစလုံး လေတပ်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအချို့ရှိတယ်လို့ စုံစမ်းသိရှိရကြောင်းနဲ့ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်း‌နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read