စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ လုယက်မှု၊ ဓားပြတိုက်မှုတွေဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့က လှည့်ကင်းတွေ၊ ကင်းပုန်းတွေနဲ့ လုံခြုံရေး ယူနေရတယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်မှာ ပျက်စီးမှုတွေရှိခဲ့ပြီး ပျက်စီးနေတဲ့ အဆောက်အဦးတွေကနေ ပစ္စည်းတွေ လုယူမှုတွေဖြစ်နေကြောင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း မနက်တချိန်၊ နေ့လယ်တချိန်နဲ့ ညပိုင်းတချိန်တို့မှာ လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်အချို့မှာ နေပြည်တော်ရှိ အိမ်ရာအချို့နဲ့ အပျိုဆောင်အချို့မှာ လုယက်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာနဲ့ပတ်သက်ပြီး ကောလဟာလတွေသာဖြစ်တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေကနေ ပြောပါတယ်။
ဒါပေမယ့် ပြည်သူတွေအနေနဲ့ လုယက်မှုတွေ ကျူးလွန်ခံရရင် တိုင်ကြားနိုင်ဖို့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးဖို့အစီအစဉ်ရှိတယ်လို့ သိရပါတယ်။