၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုမလုပ်ဘဲ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် အသိအမှတ်ပြုခံရမှာ မဟုတ်ဘဲ အချည်းနှီးဖြစ်လိ့မ်မယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကပြောလိုက်ပါတယ်။
မလေးရှား သတင်းဌာန Bernama နဲ့ တွေ့ဆုံစဉ်မှာ သူက အဲ့ဒီလိုပြောကြားလိုက်တာပါ။ သူက မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့တွေ့လည်း တွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
တိုင်းရင်းသားတွေက တောင်းဆိုချက်တွေ အများကြီးနဲ့လာတာကြောင့် လက်တွေ့ကျတဲ့ တောင်းဆိုချက် နည်းနည်းနဲ့ပဲ လာကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်းဆိုပါတယ်။
မြန်မာ့အရေးဟာ အာဆီယံအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတရပ်ဖြစ်ပြီး မလေးရှားရဲ့ ဦးဆောင်မှုနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ အကြံပေးအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။
Photo – Thai PBS world