Homeပြည်တွင်းသတင်းရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ (၈၀၀) ကျော် ဖမ်းဆီးခံရ

ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ (၈၀၀) ကျော် ဖမ်းဆီးခံရ

၃ ဇွန် ၊ ၂၀၂၄

ထိုင်းနိုင်ငံအတွင်း ခရိုင် ၁၄ ခုက နေအိမ်တွေနဲ့လုပ်ငန်းခွင်တွေကို ရဲ၊လဝကလို အဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့တာကြောင့် ရက်သတ္တပတ်အတွင်းမှာ တရားမဝင်နေ ထိုင်တဲ့ မြန်မာနိုင်ငံသား ၈၂၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သား အရေးဆောင် ရွက်သူတချို့ထံကသိရသလို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကလည်း ထုတ်ပြန်ထား တာဖြစ်ပါတယ်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူး တွဲလှုပ်ရှားသူတွေရဲ့ ပြောဆိုမှုအရ အခုလိုရာနဲ့ချီတဲ့ အရေအတွကို မေလနောက်ဆုံးပတ်နဲ့ ဇွန်လ ပထမ ၂ရက်အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။

အဆိုပါ အရေအတွက် ၈၀၀ ကျော်ထဲက ၁၀၀ ကျော်ဟာ မဲဆောက်မှာ အဖမ်းခံရတာဖြစ်တယ် လိုသိရပြီး စီမံချက်မှာလူပြည့်မှီအောင်အဖမ်းပြနေတာမို့ အားလုံးစားသတိ၊ သွားသတိရှိဖို့လိုသလို အိမ်ထဲ နေလည်း သတိနဲ့ နေဖို့လိုတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကသတိပေးပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးမူဝါဒအရ လူကုန်ကူးမှုတိုက်ဖျက်ရေး နဲ့တရားမဝင် အလုပ်သမား တားဆီးနှိမ်နင်းရေးစီမံချက်အရ တစ်နှစ်ကိုနှစ်ကြိမ် ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပြီး ဒီလိုဖမ်းဆီး တာကို ဘန်ကောက်၊ချင်းမိုင်၊ချင်းရိုင်နဲ့မဲဆောက်အပါအဝင်ခရိုင်၁၄ခုမှာ ဖမ်းဆီးနေတာဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်၊မဟာချိုင်နယ်မြေနဲ့မဲဆောက်လို နယ်စပ်မြို့တွေအထိထိုင်း အာဏာပိုင်အဖွဲ့စုံက စစ်ဆေးဖမ်းဆီးမှုတွေစတင်ဆောင်ရွက်လာတာကြောင့် မြန်မာနိုင်ငံသားတွေ သတိထားသွားလာဖို့မြန်မာလုပ်သားအရေး‌ ဆောင်ရွက်တဲ့ အေအေစီအဖွဲ့ကလည်း အသိပေးထား ပါတယ်။

၂၀၂၄ဖေဖော်ဝါရီကနေ မေလအထိ ၄လအတွင်းမှာလည်းတရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၃၉၀၀ကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းမိခဲ့ပြီးလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read