Homeပြည်တွင်းသတင်းဆယ်လကျော်အတွင်း လက်နက်ကြီးကြောင့် ၁၈ နှစ်အောက် အမျိုးသမီး ၃၀ ဦးအပါအဝင် အမျိုးသမီး ၂၂၆ ဦး သေဆုံးခဲ့

ဆယ်လကျော်အတွင်း လက်နက်ကြီးကြောင့် ၁၈ နှစ်အောက် အမျိုးသမီး ၃၀ ဦးအပါအဝင် အမျိုးသမီး ၂၂၆ ဦး သေဆုံးခဲ့

၁၇ အောက်တိုဘာ၊၂၀၂၄

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်ရဲ့ ဆယ်လကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၂၆ ဦး သေဆုံးခဲရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။

AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တို ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၂၆) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် သေဆုံးသူ (၃၀) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ (၂၂၆) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၆၃) ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၄၆) ဦးနဲ့ ရခိုင်ပြည်နယ်မှာ သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်သူစုစုပေါင်း (၅၈၅၁) ဦး ရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၅၈) ဦးရှိပြီး ထိုအထဲမှ (၂၁၀၂၀) ဦးမှာ ထိန်းသိမ်းခံ နေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေမှာ အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေ အတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့အချက်အလက်တွေက ယခုထက် ပိုမိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

Photo -AAPP

ဆက်စပ် သတင်းများ

Most read