Homeပြည်တွင်းသတင်းရေဘေးကူဖို့ စစ်ခေါင်းဆောင်ကို လုပ်ငန်းရှင်တွေ တတိယအကြိမ် အလှူငွေပေးအပ်

ရေဘေးကူဖို့ စစ်ခေါင်းဆောင်ကို လုပ်ငန်းရှင်တွေ တတိယအကြိမ် အလှူငွေပေးအပ်

၁၀ အောက်တိုဘာ၊ ၂၀၂၄

ရာဂီမုန်တိုင်းအဖျားရိုက်ခတ်ခံရမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ ရေဘေးဒဏ်သင့်ပြည်သူတွေကို ကူညီ ကယ်ဆယ်ပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခရိုနီ လုပ်ငန်းရှင်တွေက စစ်ကောင်စီကို တတိယအကြိမ် အလှူငွေပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၉ ရက် နေ့လည်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ပြုလုပ်တဲ့ ဒီရေဘေးအလှူငွေပွဲမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ပြီး အလှူငွေလက်ခံခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေက ဖော်ပြပါတယ််။

အဲ့ဒီအလှူငွေပေးပွဲကို မြတ်မေတ္တာမွန်ကုမ္ပဏီပိုင်ရှင်၊ ကြံခိုင်ရေးအမတ်ဟောင်း ဒေါက်တာဝင်းမြင့်၊ မြန်မာ့သြဘာလုပ်ငန်းက ဦးသတိုးဟိန်း၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း တို့ တက်ရောက်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ရေဘေးအတွက် ခရိုနီတွေရဲ့လှူဒါန်းမှုဟာ ပထမအကြိမ်မှာ ငွေကျပ် ၃၂ ဘီလီယံကျော် ရခဲ့ပြီး ဒုတိယအကြိမ်မှာ ငွေကျပ် ၁၀ ဘီလီယံကျော်ကို ရရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။ အောက်တိုဘာ ၉ ရက် ကောက်ယူမှုမှာ ငွေကျပ် ၁၁.၉၇ ဘီလီယံ ရခဲ့တယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းရာမှာ လုပ်ငန်းရှင်အများစုကတော့ စစ်ကောင်စီကနေ တဆင့်လှူဒါန်းမှုတွေပဲရှိပါတယ်။ စစ်ကောင်စီကနေ မလှူဒါန်းဘဲ ရေဘေးသင့်ပြည်သူတွေဆီ တိုက်ရိုက်လှူဒါန်းမှူတွေထဲမှာတာ့ ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ် က ကျပ်ငွေ(၁၀)ဘီလီယံ အထိလှူဒါန်းထားပါတယ်။

အောက်တိုဘာ ၉ ရက် က ပြုလုပ်တဲ့ အလှူငွေလက်ခံတဲ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်မှုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းဌာနတွေက နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်သုံးနှုန်း ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

Most read