၈ အောက်တိုဘာ ၊၂၀၂၄
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် ကိုင်းကြီးမြို့ရွာနေ ဒေသခံလေးဦး ပျောက်ဆုံးနေမှုအပေါ် ရက္ခပြည် သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) တပ်ဖွဲဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲဝင်တွေနဲ့ ဒေသခံပြည်သူတွေစုပေါင်းပြီး ရှာဖွေလျှက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း (၄၅) နှစ် ရဲ့ သားတွေဖြစ်တဲ့ မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နဲ့ ၎င်းရဲ့ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့က မေယုတောင်ခြေရင်းရှိ လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ် ARSA လက်နက်ကိုင်တပ်က ဖမ်းဆီးခေါ် ဆောင်သွား တာဖြစ်တယ်လို့လည်း AA ကဆိုပါတယ်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေအတွင်းရှိ ARSA ၊ RSO တပ်ဖွဲ့တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေပြီး ARSA ၊ RSO တပ်ဖွဲ့တွေရဲ့ စခန်းတစ်ချို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ARSA ၊ RSO တပ်ဖွဲ့တွေ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းအများစုမှာ စစ်ကောင်စီတပ်ရဲ့ ကပစ စက်ရုံထုတ် လက်နက်တွေဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားတဲ့ လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းတွေဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
ARSA, RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ယခုရက်တွေအတွင်း အကြမ်းဖက်လုပ်ရပ် တွေကို ခပ်စိပ်စိပ်ပြုလုပ်လာတာကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်နဲ့ နေထိုင်ကြဖို့ မသွားမဖြစ်သွားလာရမယ့်ခရီးတွေမှာ လုံခြုံရေးသတိအပြည့်နဲ့ စောင့်ကြည့်ကြဖို့ သတိပေးတိုက် တွန်းလိုတယ်လို့လည်း AA ကပြောဆိုထားပါတယ်။
ပုံစာ – အောက်တိုဘာလ ၆ ရက်နေ့ တိုက်ပွဲအတွင်း ARSA တပ်ဖွဲ့ထံမှသိမ်းဆည်းရမိသည့် စစ်ကောင်စီ တပ်ထုတ် လက်နက်ခဲယမ်းများ
Photo – AA Info Desk