Homeပြည်တွင်းသတင်းMNDAA ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လ အတွင်း အရပ်သား ၃၀ ကျော်သေဆုံးခဲ့

MNDAA ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လ အတွင်း အရပ်သား ၃၀ ကျော်သေဆုံးခဲ့

၃ အောက်တိုဘာ၊၂၀၂၄

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ရာ လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သုံးလ အတွင်း အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ထုတ် ပြန် လာမှုအရ သိရပါတယ်။

စစ်ကောင်စီဟာ ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း လေကြောင်းကနေ အနည်းဆုံး ၂၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး MNDAA ရဲ့ အထူးဒေသ (၁) လောက်ကိုင်မြို့နဲ့ သိန္နီခရိုင်တွေက စစ်ရေးနယ်မြေမဟုတ်တဲ့ နေရာတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ MNDAA ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါရှိပါတယ်။

စက်တင်ဘာလ (၃၀) ရက်နေ့အထိ တိုက်ပွဲများမရှိခဲ့ဘဲ စစ်ကောင်စီတပ်က အထူးဒေသ(၁) (လားရှိုးမြို့အပါ အဝင်) တွင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံး ၁၀၀ ကျော် ကြဲချခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ဇူလိုင်လတွင်းက ဖြစ်ပွားခဲ့တဲ့ လားရှိုးစစ်ပွဲအတွင်း မကြာခဏရှုံးနိမ့်မှုတွေကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဧရိယာတွေမှာ မြို့တော်လာလောက်ကိုင်မြို့၊ သိန္နီခရိုင်နဲ့ အခြားနယ်မြေတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို MNDAA က သြဂုတ် ၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမရှိတော့ဘဲ စစ်ကောင်စီက စက်တင်ဘာလနှောင်းပိုင်းကစပြီး နေ့စဉ်လေ ကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း မရေတွက်နိုင်တဲ့ အများပိုင်အဆောက်အဦတွေအပြင် လူနေအိမ်တွေ၊ စာသင် ကျောင်းတွေနဲ့ ဟိုတယ်တွေ ပျက်စီးခဲ့ရပြီး ပြည်သူတွေ ထိခိုက်ပျက်စီးတာတွေကို တိုင်းတာလို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။

Photo – The KoKang(果敢资讯网 )

ဆက်စပ် သတင်းများ

Most read