Homeပြည်တွင်းသတင်းလားရှိုးမြို့ကို လေကြောင်းက တိုက်ခိုက်မှုမှာ နိုင်ကျဉ်းတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

လားရှိုးမြို့ကို လေကြောင်းက တိုက်ခိုက်မှုမှာ နိုင်ကျဉ်းတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

၉ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီနေ့မနက် ၁၀နာရီခွဲ ဝန်းကျင်က စစ်ကောင်စီလေတပ်က နှစ်ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မုကြောင့် နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးပြီး ၁၃ ဦးထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အထွေထွေအုပ်ချုပ်ရေး ရုံးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုထပ်လုပ်ခဲ့ပြီး ထွေ/အုပ်ရုံးက ဝန်ထမ်းတချို့ အပါအဝင် ပြည်သူ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

အထွေထွေအုပ်ချုပ်ရေးရုံးအပြင် အရပ်သားနေအိမ်တွေနဲ့ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ “ထွေအုပ်ရုံး (တိုင်းပေါက်ဝ)ဘက်က ပန်ထိုက်သူ လက်ဖက်ရည်ဆိုင်ရှေ့နားကျတာပါ။

ထွေအုပ်ရုံးနားမှာ လူတွေလည်း ရှိနေတဲ့အချိန်ပါ။ ထိတာတော့ ၆ ယောက် ၇ ယောက်မကဘူး ၊ လေယာဉ်ကလည်း ဗုံးကြဲပြီးတာတောင် ဝဲနေတဲ့ အကြာကြီးပဲ ၊ လားရှိုးကနေ တချို့ကလည်း ရှောင်ဖို့ ပြင်နေကြပါပြီ” လို့ လားရှိုးမြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို သြဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈ ရက် နဲ့ စက်တင်ဘာ ၉ ရက် တို့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၁ ရက်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ပုံစာ – (စက်တင်ဘာ ၉ ရက် မနက် ၁၀နာရီခွဲ မြို့နယ် ထွေအုပ်ရုံးအနီး ဗုံးကြဲချစဉ် )

Photo – Freedom Youth Volunteers

ဆက်စပ် သတင်းများ

Most read