Homeပြည်တွင်းသတင်းမောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် သံတွဲမြို့ ကို စစ်ကောင်စီ ဗုံးကြဲ

မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် သံတွဲမြို့ ကို စစ်ကောင်စီ ဗုံးကြဲ

၉ စက်တင်ဘာ၊ ၂၀၂၄

သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းကို AA က သိမ်းပိုက်လိုက်ကြောင်း ကြေညာပြီးနောက်မှာ စစ်ကောင်စီက သံတွဲမြို့ လူနေရပ်ကွက်နဲ့ ရေအားလျှပ်စစ်စီမံကိန်း ရှိတဲ့နေရာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်၊ ည ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီလေတပ်က သံတွဲမြို့ ၊ ဒွာရာဝတီမြို့သစ်၊ အံတော် ၈ ရပ်ကွက် ၊ ၇ လမ်းကို ဂျက်ဖိုက်တာနဲ့ လာရောက်ပြီး ဗုံးကြဲချခဲ့တဲ့အတွက် လူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူက အထက၂ သံတွဲက ကျောင်းဆရာဦးသိန်းဇံ ဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသူတွေက အသက် ၆၀ အရွယ် အစ္စလာမ် ဘာသာရေးဆရာတစ်ဦးနဲ့ ရခိုင်လူငယ် ၄ ဦးတို့ ဖြစ်ကြပါတယ်။

စစ်ကောင်စီဟာ ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၈ တို့အပြင် ရေအားလျှပ်စစ် စီမံကိန်း ရှိတဲ့နေရာတွေကိုလည်း ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သံတွဲမြို့ခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် AA က မောင်ရွှေလေး ရေတပ်စခန်းကို သိမ်းပိုက်ထိန်းချုုပ်နိုင်ကြောင်း စက်တင်ဘာ ၅ ရက်က သတင်းထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – အာရက္ခတပ်တော် AA က သံတွဲမြို့ မောင်ရွှေလေး ရေတပ်စခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ AA တပ်တော်သားများ
Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read