Homeနိုင်ငံတကာသတင်းရွေးကောက်ပွဲကို မြန်မြန်မကျင်းပနိုင်ရင် တိုင်းပြည် ပရမ်းပတာ ပြန်ဖြစ်နိုင်တယ်လို့ ရှိတ် ဟာစီနာ ရဲ့ သားသတိပေး

ရွေးကောက်ပွဲကို မြန်မြန်မကျင်းပနိုင်ရင် တိုင်းပြည် ပရမ်းပတာ ပြန်ဖြစ်နိုင်တယ်လို့ ရှိတ် ဟာစီနာ ရဲ့ သားသတိပေး

နယူးဒေလီ၊ ဩဂုတ် ၁၂

တိုင်းပြည်ထဲမှာ မငြိမ်မသက်မှုတွေ ဖြစ်ပြီး  လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့ရတဲ့ အစိုးရရဲ့ ဖြိုခွင်းမှုတွေကြောင့် ဝန်ကြီးချုပ်ပါ ရာထူးက နုတ်ထွက်ပြီး တိုင်းတစ်ပါး ထွက်ပြေးရပြီး သီတင်းပတ်အကြာမှာ ဟာစီနာရဲ့ သားဖြစ်သူက သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖြုတ်ချခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် သက်ဦးဆံပိုင်ခေါင်းဆောင်ရဲ့  သားဖြစ်သူက သူ့မိခင်ကို ကယ်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကို ကျေးဇူးတင်တဲ့ အကြောင်း  နယူးဒေလီမှာ တနင်္ဂနွေနေ့ (သြဂုတ်လ ၁၁ ရက်) က ပြောဆိုလိုက်ပါတယ်။ အိမ်စောင့်အာဏာပိုင်တွေ အနေနဲ့ ကတော့ ရွေး‌ကောက်ပွဲကို လျှင်လျှင်မြန်မြန် ကျင်းပပေးဖို့အရေးကြီးကြောင်းနဲ့ နှောင့်နှေးနေရင် အရင်လို မငြိမ်သက်မှု တွေ ပြန် ဖြစ်လာနိုင်တယ်လို့လည်း သတိပေးပြောဆိုခဲတယ်လို့ သိရပါတယ်။

အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း  ရှိတ်ဟာဆီနာဟာ ဩဂုတ် ၆ရက်နေ့မှာ ကျောင်းသားတွေ ခေါင်းဆောင်တဲ့ လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပြီး ကာလကြာရှည်မဟာမိတ် အိန္ဒိယနိုင်ငံကို  ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟာစီနာ  နုတ်ထွက်ကြောင်း ကြေညာပြီးတဲ့နောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ် (၈၄) နှစ်က အိမ်စောင့်အုပ်ချုပ်ရေးကို ဦးဆောင်ဖို့  ကျောင်းသားတွေရဲ့  တောင်းဆိုချက်ကို သဘောတူပြီးနောက် မငြိမ်သက်မှုတွေ က ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ဆက်စပ် သတင်းများ

Most read