Homeပြည်တွင်းသတင်းမိုးကုတ်မြို့ကို အပြီးသိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ TNLA ထုတ်ပြန်

မိုးကုတ်မြို့ကို အပြီးသိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ TNLA ထုတ်ပြန်

၂၅ ဇူလိုင်၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ဆင်နွှဲနေတဲ့ ရက် (၃၀)မြောက်နေ့မှာပဲ မိုးကုတ်မြိုရှိ စစ်ကောင်စီတပ်စခန်း တွေကို ရှင်းလင်းနိုင်ခဲ့ပြီး မိုးကုတ်မြို့ကို ထdမ်းချုပ်နိုင်ပြီဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြိုရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို တအာင်းတပ်မတော် TNLA ဇူလိုင်လ ၂၃ ရက်နေ့ ညနေ (၅း၀၀) နာရီအချိန်မှာ ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

အလားတူ တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြိုကို ဇူလိုင်လ ၂၄ ရက် နေ့လည် (၁၂း၀၀)နာရီအချိန်မှာ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA မှ ဆက်လက်တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်မှုအရ သိရပါတယ်။

ဒါ့အပြင် တပ်မဟာ(၂) နယ်မြေ နောင်ချိုမြိုနယ် သဲခေါ်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ဘန့်ဘွေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ အုမ္မတီးရွာအနီး တဝိုက်ကို လက်နက်ကြီးနဲ့ (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read