Homeပြည်တွင်းသတင်းစစ်ကောင်စီ အထိန်းသိမ်းခံ ဦးသိမ်းဝေ Yoma Strategic ရာထူးမှ ဆင်း

စစ်ကောင်စီ အထိန်းသိမ်းခံ ဦးသိမ်းဝေ Yoma Strategic ရာထူးမှ ဆင်း

၂၅ ဇူလိုင်၊ ၂၀၂၄

စင်ကာပူအခြေစိုက် Yoma Strategic Holdings Ltd ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် Serge Pun ဟာ ရာထူးက ဆင်းသွားကြောင်း Bloomberg က ဇူလိုင် ၂၄ ရက်မှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးကြီးများထဲက တစ်ဦးဖြစ်တဲ့ ဦးသိမ်းဝေဟာ မြန်မာနိုင်ငံက ရိုးမလုပ် ငန်းစုနဲ့ ရိုးမဘဏ်မှာလည်း ဥက္ကဋ္ဌ ဖြစ်ပြီး သူ့ကို ဇွန်လ ၃ ရက်ကစပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေကြေးဈေးတက်ပြီး မြန်မာကျပ်တန်ဖိုးကျဆင်းနေတာဟာ ပြည်တွင်းကလူတွေ ထိုင်းကွန်ဒိုတို က်ခန်းများ ဝယ်ယူနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဒေါ်လာဟွန်ဒီလုပ်သူများ၊ ငွေလဲလုပ်ငန်းများနဲ့ ထိုင်းနိုင်ငံ မှ ကွန်ဒိုတိုက်ခန်းများကိုရောင်းချပေးတဲ့အကျိုးဆောင်တွေနဲ့ ဝယ်ယူသူများကို ဖမ်းဆီးပြီးနောက် ရိုးမဘဏ် က ငွေလွှဲတဲ့အတွက် ဦးသိမ်းဝေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၄ ရက်မှာ တင်သွင်းတဲ့ စာရွက်စာတမ်းတွေမှာ ဦးသိမ်းဝေခေါ် Serge Pun ဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာရာထူးက ချက်ချင်း နုတ်ထွက်မှာ ဖြစ်တယ်လို့ Yoma ဘက်က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌသစ်အဖြစ် သူ့ရဲ့အကြီးဆုံးသား လက်ရှိအမှုဆောင်အရာရှိချုပ် ရာထူးနဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Melvin Pun ကို ခန့်အပ်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဦးသိမ်းဝေနဲ့ အခြားကုမ္ပဏီက အရာရှိတွေကို နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးနေပြီး နေအိမ်အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုကြောင့် စင်ကာပူက Yoma Strategic Holdings ရဲ့ စတော့ ရှယ်ယာဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။

ဦးသိမ်းဝေဟာ သားဖြစ်သူနဲ့တော့ တယ်လီဖုန်းအဆက်အသွယ်လုပ်ခွင့်ရှိပြီး ပြင်ပနဲ့ ဆက်သွယ်မှုတွေကို ကန့်သတ်ခံထားရပါတယ်။

သူ့ကို ထိုင်းကွန်ဒိုတိုက်ခန်းများမှာ ငွေကြေးလွှဲပြောင်းပေးမှုတွေအပြင် အိမ်ယာချေးငွေကို သတ်မှတ်ပမာ ဏထက်လည်း ကျော်လွန်ထုတ်ချေးထားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ စစ်ဆေးနေတာပါ။

သူ့မှာ အပြစ်ရှိတယ်လို့ စစ်ကောင်စီက သတ်မှတ်ခဲ့ရင် သူဟာ ငွေကြေးခဝါချမှုနဲ့ တရားစွဲဆိုခံရမှာ ဖြစ် ပါတယ်။

Photo- Bloomberg

Related News

Most Read