၇ ဧပြီ ၂၀၂၆ | New Day Myanmar
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဒီနေ့ ဧပြီ ၇ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်တွေ လဲကျတာကြောင့် နေအိမ်အချို့ပျက်စီးခဲ့သလို အမျိုးသမီးတစ်ဦး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ညနေ ၃ နာရီဝန်းကျင်မှာ မိုးရော လေရော မိုးသီးပါ သည်းထန်စွာ ကျလာပြီး မြို့ပေါ်မှာရှိတဲ့ သစ်ပင်တစ်ပင် အမြစ်ကနေ လဲကျကာ လမ်းဘေးမှာ ရပ်ထားတဲ့ Hijet မော်တော်ယာဉ်တစ်စီးပေါ် ပိမိခဲ့ပါတယ်။ ယာဉ်မှာ ထိခိုက်ပျက်စီးခဲ့ပြီး အနီးမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
“ခဏလေးအတွင်းမှာ လေက တော်တော်ပြင်းတာ။ အပျက်အစီးလည်းများတယ်။”ဒေသခံတဦးက ပြောပါတယ်။
ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုပင်တစ်ပင် လဲကျပြီး နေအိမ်တစ်လုံးပေါ် ပိမိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်တွေ လဲကျပြီး လမ်းပေါ်မှာ ပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ လူမှုကူညီရေးအသင်းတွေက လဲကျနေတဲ့ သစ်ပင်တွေကို ဖယ်ရှားရှင်းလင်းနေပြီး လမ်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – ဒေသခံများ


