Homeပြည်တွင်းသတင်းစစ်တပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့ကိုအရေးပေါ်အခြေအနေ ကြေညာ

စစ်တပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့ကိုအရေးပေါ်အခြေအနေ ကြေညာ

နိုဝင်ဘာ ၂၀၂၅

တရုတ်ကြားဝင် စေ့စပ်တာပေးချက်အရ တအာင်းတပ် (TNLA)နဲ့အပစ်ရပ်စဲအပြီး မှာ စစ်တပ်ဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

စစ်ကော်မရှင်ဟာ မနေ့က အောက်တိုဘာ ၃၁ ရက်စွဲနဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၃/၂၀၂၅ ဆိုပြီးထုတ်ပြန်တယ်ကြေညာလာတာဖြစ်ပါတယ်။

TNLA က မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကထွက်ခွာပြီးနောက်မှာ တော်လှန်ရေးအင် အားစုတွေက မိုးကုတ်နဲ့မိုးမိတ်အပါ မန္တလေးတိုင်းထဲက ထိန်းချုပ်နယ်မြေတွေလက်မလွှတ်ရေး အင်းအားစုတွေပြန်ခေါ်ပြီးနောက် စစ်တပ်အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့မြို့နယ်တွေကတော့ ကချင် ပြည်နယ်မှာ ဆွမ်ပရာဘွမ်၊ ရွှေကူ၊အင်ဂျန်းယန် ၊ ဆော့လော်၊ ချီဖွေ၊ ကယား ပြည်နယ်မှာ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ ၊ ကရင် ပြည်နယ်မှာ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်မှာ ကန်ပက် လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်းမြို့နယ်တို့ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေး တိုင်းမှာ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ မန္တလေးတိုင်းမှာ မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်တို့ကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ရှမ်းပြည်နယ်မှာ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ သီပေါ၊ မိုင်းလားမြို့နယ်တို့ကိုလည်း အရေးပေါ် အခြေအနေကြေညာထားတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး