Homeပြည်တွင်းသတင်းစစ်တပ်က ရန်ကုန်လေဆိပ်အဝင် အထွက်တွေကို ကြပ်မတ်‌စစ်ဆေးဖို့ တင်းကြပ်ထား

စစ်တပ်က ရန်ကုန်လေဆိပ်အဝင် အထွက်တွေကို ကြပ်မတ်‌စစ်ဆေးဖို့ တင်းကြပ်ထား

၃၁ အောက်တိုဘာ ၂၀၂၅

စစ်တပ်က ရန်ကုန်လေဆိပ်အဝင် အ ထွက်တွေကို ကြပ်မတ်‌စစ်ဆေးဖို့ တင်းကြပ်ထားတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA )လေယာဥ်ပြေးလမ်း ကြောင်းပြုပြင်နေတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အောက်တိုဘာ ၂၉ ရက်‌ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လအကြာပိတ်ထားမှာ ဖြစ်တယ်လို့ MAI ကထုတ်ပြန်ထားပါတယ်။

ဒါဟာ လေဆိပ်တခုလုံးကို ပိတ်လိုက်တဲ့အခြေအနေမျိုးမဟုတ်ဘဲ နေ့စဉ် ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ပြေးလမ်းအချို့ပြုပြင်နေတယ်ဆိုပြီး အချိန်ကန့် သတ်လိုက်တာဘဲဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာ ဝင်/ထွက်သွားလာတာတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ စစ်တပ်ဘက်ကလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“လေဆိပ်အဝင်အထွက်ကို‌တော်တော်တင်းကြပ်ထားတယ်။ မှတ်ပုံတင်ထားတဲ့ တက္ကစီယာဉ်လိုင်းတွေကိုတောင် အဝင် အထွက်တော်တော်စစ်တယ်။ အရင်က ဒီလောက်မဖြစ်ဖူးဘူး။ ကြားတာတော့ ရွေးကောက်ပွဲကျင်းပမှာမို့လုံခြုံရေးတင်းကြပ်ထားတာလို့တော့ ကြားတယ်”လို့ အ မည်မဖော်လိုတဲ့ လေဆိပ်အငှားယာဉ် မောင်းတဦးက New Day Myanmar ကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ နယ် စပ်အဝင်အထွက်တွေကိုလည်း တင်း တင်းကြပ်ကြပ် စစ်ဆေးဖို့နဲ့ မသင်္ကာရင်ဖမ်းဆီးအရေးယူဖို့ ညွှန်ကြားချက်တွေလည်း ထွက်ထားတယ်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အမှတ် ၁ ချစ် ကြည်ရေးတံတားတာဝန်ကျ ဝန်ထမ်းတဦးကလည်း ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ သူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုသူတွေကို တောက်လျှောက်ဖမ်း ဆီးနေပြီး စခန်းမှာ အမှုတန်းမဖွင့်ဘဲ စစ်ကြောရေးကို တစ်ခါတည်းပို့‌ပြီး နှိပ်စက်ညှင်းပန်းတာတွေလုပ်ဆောင်နေတယ်လို့ ပြန်လည်လွှတ်မြောက်လာသူအချို့က မီဒီယာတွေကို ဖြေကြားထားတာတွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး