Homeပြည်တွင်းသတင်းအမ်းမြို့အ‌ခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA သိမ်းပိုက်

အမ်းမြို့အ‌ခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA သိမ်းပိုက်

၂၉ အောက်တိုဘာ၊ ၂၀၂၄

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)စခန်းကို အာကက္ခတပ်တော် AAက တိုက်ခိုက်သိမ်း ပိုက်လိုက်နိုင်ပြီလို့ သတင်းတွေက ဆိုပါတယ်။

အတည်မပြုရသေးတဲ့သတင်းတွေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က ခမရ ၃၇၁ ၊ ၃၇၂ ၊၃၇၃ ၊စစ်ရဲတပ်ရင်း ၊ အမှတ်၂ စစ်ဆေးရုံ ကုတင်၃၀၀ တို့ကို AAက အောက်တိုဘာ ၂၈ရက်က သိမ်းပိုက်ခဲ့ပြီး အောက် တိုဘာ ၂၉ရက် ဒီနေ့မှာ စစ်ကောင်စီ နပခကို အပြီးသတ် သိမ်းပိုက်နိုင်တယ်လို့ သိရပါတယ်။

အမ်းမြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အောက်တိုဘာ ၁၇ ရက်ထဲက အမ်းလေဆိပ်ကို လေယာဉ် ဆင်းတက်ခြင်း လုံးဝ မရှိခဲ့ပါဘူး။

၂၀ရက်မှာ လေယာဉ်တစ်စီး ဆင်းသက်ဖို့ ကြိုးစားပေမယ့် AA ဘက်က ပစ်ခတ်တားဆီးနိုင်ခဲ့တယ်လို့ ‌ဒေသခံ တွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ ခုခံခဲ့‌ပြီး AAက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အာရက္ခတပ်တော် ‌AA က တိုက်ပွဲသတင်းတွေကို အခုထက်ထိ ထုတ်ပြန်ကြေညာ ခြင်းမရှိသေးပါဘူး။

Photo – BNA

Related News

Most Read