Homeပြည်တွင်းသတင်းအမ်းတိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း AA အတည်ပြု

အမ်းတိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း AA အတည်ပြု

၁၂ နိုဝင်ဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနတွေကို အတည်ပြု ပြောဆိုပါတယ်။

နိုဝင်ဘာ ၁၀ရက် နေ့ခင်းပိုင်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို လာရောက် စစ်အင်အား လက်နက် အင်အားကူဖို့ ဆင်းသက်လာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် လေးစင်းကို ပစ်ချရာမှာ တစ်စီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက နပခ ဌာနချုပ်ပတ်ဝန်းကျင်ကို စစ်အင်အား၊ ရိက္ခာနဲ့လက်နက်ခဲယမ်းလာပို့တဲ့ ရဟတ်ယာဉ် ၄ စင်း ရှေ့နောက်ဆင့်ပြီး ဆင်းသက်လာတာကို ၄ စင်းလုံးကို လိုက်လံပစ်ခတ်ခဲ့ပြီး တစ်စီးကို ထိမှန်သွားတယ်လို့ သိရပါတယ်။

ထိမှန်သွားတဲ့ ရဟတ်ယာဉ်ဟာ မကွေးတိုင်း ငဖဲမြို့နယ်၊ ကျောက်ဆုံရွာ အနီးသို့ ဆင်းသွားတယ်လို့ သတင်းတွေ က ဖော်ပြရေးသားပါတယ်။

ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ဟာ ကျောက်ဆုံ ဘုန်းကြီး‌ကျောင်းဝင်းအတွင်း မနေ့ကအထိ ရှိနေ ဆဲဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

AAဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ဆင်ရေး တစ်နှစ်အတွင်း ရခိုင်ပြည် နယ်ထဲက မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အမ်း၊ မောင်တော၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပါတယ်။

ပုံစာ – AA တပ်ဖွဲ့ဝင်များနဲ့ ပျက်ကျသွားသောရဟတ်ယာဉ် (ပုံဟောင်း-၂၀၂၄ ဖေဖော်ဝါရီ ၃ ရက်)

Photo – AA Info Desk

Related News

Most Read