၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက သတိပေးထားပါတယ်။
ဇူလိုင် ၅ ရက် မနက်ပိုင်း တိုင်းထွာချက်တွေအရ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို အနည်းငယ်ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဩရိဿ-အနောက်ဘင်္ဂလားကမ်းရိုးတန်းအနီးမှာ ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။
ဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီးနောက် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ လာမယ့် ၂ ရက်အတွင်း ဩရိဿပြည်နယ်မြောက်ပိုင်းကနေ ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းအထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်အတွင်း နေရာကွက်ပြီး မိုးအလွန်သည်းထန်နိုင်သလို ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ကမ်းရိုးတန်းတလျှောက်မှာ တနာရီ ၄၀ ကနေ ၅၀ ကီလိုမီတာနှုန်း၊ လေပြင်းတိုက်ချိန် ၆၀ ကီလိုမီတာနှုန်းအထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဇူလိုင် ၅ ရက် မနက် ၅ နာရီခွဲ တိုင်းထွာချက်အရ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားကာ နောက် ၄၈ နာရီအတွင်း ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသအခြေအနေတွေ ပြောင်းလဲနိုင်တာကြောင့် တရားဝင်ထုတ်ပြန်ချက်တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။