Homeပြည်တွင်းသတင်းမြ၀တီမှာ ကျားဖြန့်နဲ့ပတ်သက်ပြီး လူ ၁၀၀၀ ကျော်ဖမ်းဆီးခံရ

မြ၀တီမှာ ကျားဖြန့်နဲ့ပတ်သက်ပြီး လူ ၁၀၀၀ ကျော်ဖမ်းဆီးခံရ

၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅

မြ၀တီမြို့နယ်က ကျားဖြန့်နဲ့ လူကုန်ကူးမှု ကို ကရင်နယ်ခြားစောင့်တပ် BGF စီးနင်းမှုအတွက် လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Nation သတင်းမှာဖော်ပြပါတယ်။

ဖမ်းဆီးရမိသူတွေကို မြ၀တီ လူဝင်မှုကြီးကြပ်ရေးကနေ တဆင့် လွဲပြောင်းပေးဖို့ရှိနေတယ်လို့ လည်းဆိုပါတယ်။

ထိုင်းနိုင်ငံကနေ မြ၀တီအပါအဝင် မြန်မာကို လျှပ်စစ်မီးပေးထားတဲ့ လိုင်းတွေကို ဖြတ်တောက်ပြီး စက်သုံးဆီတင်သွင်မှု ရပ်ဆိုင်းလိုက်ပြီးနောက် BGF က ခုလို ကျားဖြန့်နဲ့ Online လောင်းကစားရုံတွေကို ဝင်ရောက် စီးနင်းတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

ခုလို ဖမ်းဆီးရမိသူတွေထဲမှာ လုပ်ငန်းဦးဆောင်သူ တွေ အဓိက ပါဝင်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Photo – The Nation

Related News

Most Read