Homeပြည်တွင်းသတင်းမြန်မာနိုင်ငံအတွက် ဘင်္ဂလားဒေ့ရှ်မှာ အကူအညီပေးရေး စင်္ကြန်တခုထားရှိဖို့ စီစဉ်နေ

မြန်မာနိုင်ငံအတွက် ဘင်္ဂလားဒေ့ရှ်မှာ အကူအညီပေးရေး စင်္ကြန်တခုထားရှိဖို့ စီစဉ်နေ

၂၉ ဧပြီ၊ ၂၀၂၅

ကုလသမဂ္ဂကအနေနဲ့ မြန်မာပြည်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရေးမှာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး ပေးအပ်ဖို့ စီစဉ်ထားပြီး ဘင်္ဂလား​ဒေ့ရှ် အသွင်ကူးပြောင်းရေးအစိုးရက လက်ခံထားတယ်လို့ Md. Towhid Hossain ကပြောပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်မှုအောက် အလုံးစုံကျရောက်သွားတာကြောင့် အာရက္ခတပ်တော်နဲ့ ဆက်ဆံရေး မတည်ဆောက်လို့ မရဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain ကပြောလိုက်ပါတယ်။

ဧပြီ ၂၇ ရက်က မြို့တော်ဒါကာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

“နယ်စပ်တလျောက်လုံးဟာ အာရက္ခတပ်တော် AA ရဲ့ထိန်းချုပ်မှုအောက် ကျရောက်သွားပါပြီ။ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်တာမရှိတော့ပါဘူး။ ကျွန်တော်တို့က AA ကို မဆက်ဆံလို့မရတော့ပါဘူး။ လိုအပ်သလို ဆက်ဆံရေးလုပ်ဆောင်မယ်။”လို့ သူကပြောပါတယ်။

Related News

Most Read