၈ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ(၁)လမ်းမှာ သားအမိနှစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ရာ မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး သားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓာတ်လိုက်နေတဲ့ မိခင်ဖြစ်သူကို သားဖြစ်သူက ဝင်ရောက်ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက အသိပေးထားပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ သားဖြစ်သူကို ဓမ္မစိန်ရောင် လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက အရေးပေါ်လူနာတင်ယာဉ်နဲ့ စံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ဓာတ်လိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။


