Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်လအတွင်း အရပ်သား ၂၈၀ ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်လအတွင်း အရပ်သား ၂၈၀ ကျော်သေဆုံးခဲ့ရ

၂၁ ဒီဇင်ဘာ၊၂၀၂၄

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားတဲ့ သတင်းအချက် အလက်တွေ အရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ခြောက်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၃၆) ဦးနဲ့ အမျိုးသား (၁၅၁) ဦး စုစုပေါင်း (၂၈၇) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ကြောင်းနဲ့ အဆိုပါအရေအတွက်တွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၅၇) ဦး ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

သေဆုံးမဥအများဆုံးမှာ ရခိုင်ပြည်နယ်ကဖြစ်ပြီး ခြောက်လအတွင်း အရပ်သား (၉၀) ဦး သေဆုံးခဲ့တယ်လို့ လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့၊ နေ့လယ် ၃ နာရီခွဲခန့်အချိန်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း စစ်ရှောင် ရန်ရောက်ရှိနေတဲ့ ဆေးရုံကွက်သစ်ရပ်ကွက်မှ ပြည်သူသုံးဦး သေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့တယ် လို့လည်း သိရပါတယ်။

စစ်တပ်က အာဧာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖော်ဝါရီလ ၁ ရက် နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲံဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၀၆၉) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။

Photo – PSLF/TNLA

Related News

Most Read