Homeနိုင်ငံတကာသတင်းရုရှားနဲ့ မြောက်ကိုရီးယာတို့ စစ်ရေးကိစ္စတွေမှာ အပြန်အလှန်ပူးပေါင်းဖို့ စာချုပ်ချုပ်ဆို

ရုရှားနဲ့ မြောက်ကိုရီးယာတို့ စစ်ရေးကိစ္စတွေမှာ အပြန်အလှန်ပူးပေါင်းဖို့ စာချုပ်ချုပ်ဆို

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံပြုံရမ်းမြို့ကို ၂၄ နှစ်အတွင်း ဇွန်လ ၁၉ ရက်ကပထမဆုံး သွားရောက်ခဲ့ပြီး ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအ ကြား ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။

ရုရှားသမ္မတပူတင်နဲ့မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းတို့ဟာ ကာကွယ်ရေးဆိုင်ရာသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပြီး စာချုပ်အရ နိုင်ငံ ရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နယ် ပယ်စုံ ပူးပေါင်းဆောင်ရွက်သွားမှာလို့ သိရပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားကိုသွားရောက်ပြီး အပြန်မှာ အရှေ့တောင်အာရှနိုင်ငံ တစ် နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တော်ကို ချစ် ကြည်ရေးအလည်အပတ်ခရီးစဥ်အဖြစ် သွားရောက်ခဲ့ပြီး ဗီယက်နမ်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တာကြောင့် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေက ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read